
Double Phyo နည်းပညာ
Saturday, June 28, 2014
Flash Song ၀ါသနာပါသော သူငယ်ချင်းများအတွက် Swish Max4 ပါ
Flash Song လုပ်ချင်သော ၀ါသနာပါသောသူငယ်ချင်းများအတွက် Swish Max 4 ဆော့လ်ဝဲလေးပါ မလုပ်တတ်သောသူငယ်ချင်းများ ၀ါသနာပါတယ်ဆိုရင် နောက်ထပ် Flash Song လုပ်နည်း စာအုပ်လေးပါ တင်ပေးပါဦးမယ်ခင်ဗျာ
ဝါသနာပါသော သူငယ်ချင်းများ အောက်မှာဒေါင်းလိုက်ပါ အဆင်ပြေပါစေ


Pc မှာ Viber ကိုမြန်မာလို ရေးကြမယ်
ကျွန်တော်တို့ Pc မှာ Viber သုံးတဲ့အခါ မြန်မာစာ မမြင်ရဘဲ လေးထောင့်အတုံးလေးတွေ ပေါ်နေတာကို မြင်ဖူးကြမှာပါ အခုအောက်မှာ ပေးထားတဲ့ ဆော့လ်ဝဲလေးကို ဒေါင်းလိုက်ရင် အဆင်ပြေပါပြီ
အဲ့ဒီဆော့လ်ဝဲလေးကို Rc ထောက်လိုက်ပါ အဲ့ဒီမှာ install ဆိုတာလေးကို နှိပ်လိုက်ပြီး Pc ကို Restart ချလိုက်ရင် အဆင်ပြေသွားပါပြီခင်ဗျာ Download Link http://www.mediafire.com/download/bn8494gtdft70gr/arialzawgyi20060620.ttf
Thursday, June 26, 2014
Folder ကို ကိုယ့်ပုံလေးနဲ့ ပြောင်းကြည့်ရအောင်
ကိုယ်ပြောင်းချင်တဲ့ Folder လေးကို Right Click ထောက်လိုက်ပါခင်ဗျာ အောက်ဆုံးမှာ Properties ကိုနှိပ်လိုက်ပါ ဘောက်ကျလာပါမယ် Customize Tab ကို တွေ့အောင်ရှာပြီး နှိပ်လိုက်ပါ ပြီးရင်တော့
Change Icon ဆိုတာကိုနှိပ်လိုက်ပါ ဘောက်တစ်ခုထပ်ကျလာပါမယ် ပြီးရင် ဘေးနားမှာ Browse ကိုနှိပ်လိုက်ပါ ကိုယ်တင်မယ့် ပုံရှိတဲ့နေရာကိုသွားလိုက်ပါခင်ဗျာ ပုံကိုမမြင်ရရင် အဲ့ဒီဘောက်က အောက်နားမှာ Icon Files ကို all files ပြောင်းလိုက်ပါ Folder လေးကို ပြန်ကြည့်လိုက်ပါ ကိုယ့်ပုံလေးနဲ့ ဖြစ်နေပါလိမ်မယ် ခင်ဗျာ အားလုံးအဆင်ပြေပါစေ
Computer မှာ မြန်မာလို နာမည်ပေးကြမယ်
တစ်ချို့ Computer တွေမှာ မြန်မာလိုရေးထားတာတွေကြည့်ရင် အတုံးလေးတွေ ပေါ်နေတာ
ကိုမြင်ဖူးကြမယ် ထင်ပါတယ် အဲ့ဒီလိုလေး ဖြစ်နေတာကို မြန်မာလို မြင်ရအောင် လုပ်ကြမယ်ခင်ဗျာ
Window xp မှာဆိုရင် Desktop မှာ Right Click ထောက်လိုက်ပါ အောက်ဆုံးက Properties ကိုနှိပ်
လိုက်ပါ ဘောက်ကျလာရင် Appearance Advanced
ကိုနှိပ်ပြီး Item မှာ I con သို့ပြောင်းလိုက်ပြီး Font
ကို Zawgyi one ကိုပြောင်းလိုက်ပါ ပြီးရင် Apply = Ok ပေးလိုက်ရင် မြန်မာစာမြင်ရပါပြီခင်ဗျာ Window7
သမားများ အတွက်ကတော့Desktop ပေါ်မှာ Right Click ထောက်လိုက်ပါ အောက်ဆုံးနားက Persoalize
ကိုနှိပ်လိုက်ရင် ဘောက်ကျလာပါမယ် Windoe color ဆိုတာကို နှိပ်လိုက်ပါ ပြီးရင် အောက်ဆုံးနားက
Advanced appearance setting ဆိုတာကို နှိပ်လိုက်ပါ အဲ့ဒီမှာဘောက်တစ်ခုထပ်ကျလာပါမယ် ခင်ဗျာ
Xp လိုဘဲ Iten သို့ပြောင်းလိုက်ပြီး Fontကို Zawgyi one ကိုပြောင်းလိုက်ပါ ပြီးရင် Apply = Ok ပေးလိုက်
ရင် မြန်မာလိုရပါပြီ အဆင်ပြေကြပါစေ
Facebook အကောင့် အလကားဖွင့်ပေးပါသည်
ကျွန်တော့်ဆိုဒ်ကို လာလည်သော သူငယ်ချင်းများကိုချစ်ခင်သောအားဖြင့် Facebook အကောင့်အလကားဖွင့်ပေးပါသည် လော့ကျနေသော အကောင့်များကိုလည်းပြန်လည်လုပ်ပေးပါမည် တတ်နိုင်သလောက် ကူညီပေးပါမည် ကျွန်တော်လည်း နည်းပညာကို စတင်လေ့လာနေတာပါ ပညာရှင်အဆင့်တော့ မဟုတ်ပါဘူးခင်ဗျာ ကူညီချင်တဲ့ စေတနာတစ်ခုတည်းပါ
Tuesday, June 24, 2014
Right Click မပေးတဲ့ ဆိုဒ်ကို Right Click လုပ်မယ်
Mozila Browser ရဲ့ ဘယ်ဘက်အပေါ်က Firefox ဆိုတာကို နှိပ်လိုက်ပါ ပြီးရင် Option ဆိုတာကို လိုက်ရှာပြီး နှိပ်လိုက်ပါ Option ဘောက် ကျလာပါလိမ့်မယ် အဲ့ဒီမှာ Contect ဆိုတဲ့ Tab ကို တွေ့ရင် Click လိုက်ပါ Enable Javascrpit မှာ အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ ok ပေးလိုက်ရင် ရပါပြီ အဆင်ပြေပါစေ
Window 7 မှာ Safemode ပြန်မတက်ရင် ဒီလိုလေး လုပ်လိုက်ပါ
Run Box ကိုဖွင့်လိုက်ပါ Win+R ကိုနှိပ်လည်း ရပါတယ် ပြီးရင် msconfig ဆိုပြီး ရိုက်လိုက်ပါ ဘောက်ကျလာရင် boot tab ကို ကလစ်လိုက်ပါ ပြီးရင် Safe boot မှာ အမှန်ခြစ်လေး တပ်ပေးလိုက်ပါ Apply = Ok ပေးပြီး Computer ကို Restart ချလိုက်ပါ ပြန်ပွင့်လာရင် စောစောက အမှန်ခြစ်ခဲ့တဲ့ Safe boot ကိုဘဲ အမှန်ခြစ် ပြန်ဖြုတ်ပေးလိုက်ပါ Restart ပြန်လုပ်လိုက်ရင် အဆင်ပြေသွားပါပြီ ခင်ဗျာ
Subscribe to:
Comments (Atom)